JJA Support Company Limited
ကျွန်ုပ်တို့အကြောင်း
မူလစာမျက်နှာ ကျွန်ုပ်တို့အကြောင်း ဝန်ဆောင်မှုများ လုပ်ဆောင်ချက်များ ဆက်သွယ်ရန်
JJA Support နိုင်ငံခြားအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ
ကျွန်ုပ်တို့ JJA SUPPORT ကုမ္ပဏီကို ၂၀၁၉ ခုနှစ် မေလ (၂၉) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီမှ ပြည်ပသို့ ထွက်ခွာရန်လိုအပ်သော လုပ်သားများအား ဘာသာစကား နှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို စာတွေ့လက်တွေ့ ပို့ချပေးသည့် ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့ပါသည်။
ကျွန်ုပ်တို့ ကုမ္ပဏီမှ နိုင်ငံရပ်ခြားသို့ လုပ်သားများစေလွှတ်နိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလိုင်စင်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် တရားဝင်ရရှိခဲ့ပြီး ယနေ့တိုင် လုပ်သားများ အလုပ်စတင်လျှောက်ထားသည်မှ ပြည်ပရှိ ကုမ္ပဏီလုပ်ငန်းခွင်များအတွင်းသို့ ဝင်ရောက်သည်အထိ အစဉ်ဂရုတစိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်ရှိတွင် ယူအေအီး၊ မလေးရှား၊ စင်္ကာပူ ဂျပန်နှင့် နိုင်ငံများမှ လုပ်ငန်းရှင်များ၊ အေးဂျင့်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ပြည်ပသို့ အလုပ်လုပ်ကိုင်လိုသည့် လုပ်သားများလိုအပ်သော ဘာသာစကားစွမ်းရည် နှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစွမ်းရည် စသည့် စွမ်းရည်နှစ်မျိုးစလုံး တိုးတက်စေရန် လုပ်ငန်းနှင့်သက်ဆိုင်သော သင်တန်းများပေးနေပြီး သင်တန်းကျောင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများနှင့် ပြည်ပနိုင်ငံရှိ အလုပ်ရှင်များအကြား နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေချောမွေ့စွာ ဆက်ဆံလုပ်ကိုင်နိုင်စေရန် နှင့် လုပ်သားများကျွမ်းကျင်မှုရှိစေရန် အစဉ်မပြတ် နွေးထွေးပျူငှာသည့် ဆက်ဆံရေးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့အဖွဲ့အစည်းသည် လုပ်ငန်းဆောင်တာအဆင့်ဆင့်အား လုံခြုံစိတ်ချစေရန်၊ အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိစေရန် ဦးတည်လုပ်ဆောင်ပေးလျက်ရှိပါသည်။
ရည်ရွယ်ချက်
အရည်အသွေးပြည့်မှီသော လုပ်သားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်။
နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းများကို တရားဝင်လမ်းကြောင်းဖြင့် ဖော်ဆောင်ပေးနိုင်ရန်။
လုပ်သားများ၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်။
ပြည်ပနိုင်ငံများတွင် လုပ်ကိုင်ခြင်းဖြင့် နည်းပညာနှင့်စွမ်းရည်များ တိုးတက်လာပြီး မိခင်နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျွမ်းကျင်မှုဖြင့်ဦးဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်။
မူဝါဒ
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လုပ်သားများအတွက် ဘာသာစကားစွမ်းရည်၊ လုပ်ငန်းကျွမ်းကျင်မှုစွမ်းရည် တို့အတွက် ပြည်ပသို့မထွက်ခင်ကတည်းက တာဝန်ယူ သင်တန်းပို့ချပေးမည်။
နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုမှ စတင်၍ လိုအပ်သည့်လုပ်ငန်းကိစ္စများကို သွားရောက်လိုသည့်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့ကြား တရားဝင်သော နည်းလမ်းများဖြင့်သာ ဆောင်ရွက်သွားမည်။
မြန်မာနိုင်ငံမှထွက်ခွာချိန်မှစ၍ လုပ်သားများ၏ လုပ်ခလစာနှင့်ခံစားခွင့်များ ပုံမှန်ရရှိစေရန် နှင့် လုပ်ငန်းခွင် ဘေးကင်းစေရေးအတွက် မြန်မာနိုင်ငံသို့ပြန်ရောက်ချိန်အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တာဝန်ယူကတိပြုသွားမည်။
စံတန်ဖိုး
အပြန်အလှန်လေးစားခြင်း
ပူးပေါင်းဆောင်ရွက်ခြင်း
ကောင်းမွန်သောဝန်ဆောင်မှု
နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှု
ပွင့်လင်းမြင်သာမှု